စိတ်မချခြင်းများ

အိုးအိမ်တွေ စွန့်ပြီး ပြေးကြလွှားကြ
တိုင်းပြည်ရဲ့ ကျိန်စာသင့်နေတဲ့ အပိုင်းလေးမှာ
လူဖြစ်ရခြင်းဟာ ဒုက္ခဆင်းရဲတစ်မျိုးလား..။
ရှားရှားပါးပါး သားရတနာ
​ရှေ့တန်းထွက်ရပ်
အပစ်အခတ် အသတ်အပုတ်နဲ့ ​
မနက်ဖြန်တွေကို ဆက်တယ်။
ဒီနေ့ထက် မနက်ဖြန်ဟာ
ပိုနီးတယ် လို့ တွေးမိခြင်းမှာ
လွတ်မြောက်ရေးလည်း ပါတယ်…
အိမ်ပြန်လမ်းတွေလည်း ပါတယ်…
ပြီးတော့ ချစ်သောသူရဲ့ နူတ်ခမ်းတွေလည်းပါတယ်။
နံပါတ်စိမ်းတွေဆို သတိမထားတတ်တဲ့အမေ
ခုတော့ အသံကြားရင် ငါ့သားများလား ဆိုတဲ့စိတ်
သိပ်,သိပ်ပြီး မွေး တတ်တယ်။
ပရိတ်ရွတ်တယ်…
အရပ်ရှစ်မျက်နှာ မေတ္တာပို့တယ်…
ဘုရားရှိခိုးတိုင်း အငယ်ကောင် ကျန်းမာစေကြောင်း
ဆုတောင်းတယ်။
ကို

51 Replies to “စိတ်မချခြင်းများ”

  1. New day 💕 New hope. Wishing all the best to our young and brave heroes.Soon be back home 🏡

  2. စိတ်မချခြင်းတွေကတော့ နေ့စဥ်ရက်ဆက်ပါပဲ ကိုယ်သတိရတိုင်း ဘေးကင်းပါစေလို့ အမြဲဆုတောင်းပေးနေပါတယ် ဒီစိတ်မချရတဲ့ ရက်တွေ အမြန်ကုန်ဆုံးပါတော့ကွယ်

  3. Hello very nice blog!! Man .. Excellent .. Wonderful .. I will bookmark your site and take the feeds additionally?KI’m glad to seek out a lot of useful info right here in the submit, we want work out extra strategies on this regard, thanks for sharing. . . . . .

  4. စိတ်မချသော်လည်း နောက်နောင်မျိုးဆက်အတွက်၊
    သာယာသော ဘဝလေးတွေပိုင်ဆိုင်နိုင်ဖို့
    ယခု ကြမ်းတမ်းတဲ့လမ်းကို အားမာန်အပြည့်နဲ့ ခလုပ်ထိ စူးမငြိပဲ၊ ကြံ့ခိုင် သံမဏိစိတ်ဓာတ်နဲ့ လျှောက်လှမ်းနေတဲ့ ညီငယ်လေး၊
    ဘေးမသီရန်မခ ပြန်လာချိန်ထိ ဆုတောင်းပေးလျှက် ‌‌‌‌‌‌‌‌ပါ။

Leave a Reply

Your email address will not be published. Required fields are marked *