စိတ်မချခြင်းများ

အိုးအိမ်တွေ စွန့်ပြီး ပြေးကြလွှားကြတိုင်းပြည်ရဲ့ ကျိန်စာသင့်နေတဲ့ အပိုင်းလေးမှာလူဖြစ်ရခြင်းဟာ ဒုက္ခဆင်းရဲတစ်မျိုးလား..။ရှားရှားပါးပါး သားရတနာ​ရှေ့တန်းထွက်ရပ်အပစ်အခတ် အသတ်အပုတ်နဲ့ ​မနက်ဖြန်တွေကို ဆက်တယ်။ဒီနေ့ထက် မနက်ဖြန်ဟာပိုနီးတယ် လို့ တွေးမိခြင်းမှာလွတ်မြောက်ရေးလည်း ပါတယ်…အိမ်ပြန်လမ်းတွေလည်း ပါတယ်…ပြီးတော့ ချစ်သောသူရဲ့ နူတ်ခမ်းတွေလည်းပါတယ်။နံပါတ်စိမ်းတွေဆို သတိမထားတတ်တဲ့အမေခုတော့ အသံကြားရင် ငါ့သားများလား ဆိုတဲ့စိတ်သိပ်,သိပ်ပြီး မွေး တတ်တယ်။ပရိတ်ရွတ်တယ်…အရပ်ရှစ်မျက်နှာ မေတ္တာပို့တယ်…ဘုရားရှိခိုးတိုင်း အငယ်ကောင်…