16 Replies to “FREAD HAMPTION”

  1. တော်လှန်သူကို သတ်လို့ရမယ်
    တော်လှန်ရေးကိုတော့ သတ်လို့မရဘူး

  2. ၁၉၅၆ ခုနှစ် ဇွန်လထဲမှာ ဦးနုဟာ ဝန်ကြီးချုပ်နေရာကနေနုတ်ထွက်သွားပြီး တစ်လခန့်အကြာတွင် ပြည်ထောင်စုနယ်မြေထဲက “ဝ”နယ်မြေထဲမှာ တရုတ်နီတပ်တွေ ဝင်ရောက်တပ်စွဲနေတယ်ဆိုတဲ့သတင်းကို ဝန်ကြီးချုပ်တာဝန်ယူနေတဲ့ ဦးဗဆွေက ဖဆပလပါတီဥက္ကဌဦးနုထံ အကြောင်းကြားလာတယ်။ တကယ်တော့ ဦးနုဝန်ကြီးချုပ်ဖြစ်နေတဲ့ အချိန်ကတည်းက ၎င်း “ဝ”နယ်ထဲမှာ တရုတ်တပ်တွေနဲ့ မြန်မာတပ်တွေ ပဋိပက္ခဖြစ်ခဲ့တာကို ဦးနုက သိထားပြီး ဖြစ်တယ်။ မြန်မာဘက်က ခန့်မှန်းချက်အရ တရုတ်နီတွေ တပ်သားပေါင်း (၁၅၀၀) လောက်ရှိလိမ့်မယ်လို့ ခန့်မှန်းတယ်။ ဒီလိုဖြစ်နေတဲ့အခြေအနေကို ပိုမိုရှုပ်ထွေးမှု ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ဦးဗဆွေနဲ့ ဦးနုတို့က လူသိရှင်ကြားထုတ်မပြောဘဲ တရုတ်တပ်တွေကို ပြန်လည်ရုပ်သိမ်းဖို့ ဝန်ကြီးချုပ်ဦးဗဆွေက တရုတ်ဝန်ကြီးချုပ်ချူအင်လိုင်းဆီကို စာရေးတယ်။ တရုတ်တပ်တွေ ပြန်လည်ရုပ်သိမ်းရေးကိစ္စမှာ တတ်နိုင်သလောက် အကူအညီပေးဖို့ ဦးနုက အိန္ဒိယဝန်ကြီးချုပ် နေရူးထံစာရေးတယ်။ (တာတေစနေသား။ စာ-၄၀၃)

    ၎င်း “ဝ”နယ်ထဲက နယ်စပ်ပြဿနာနဲ့ပတ်သက်ပြီး “ရာနှင့်ချီသောတရုတ်တပ်ဖွဲ့များသည် မြန်မာပြည်ထဲကို ကျုးကျော်ဝင်ရောက်နေပြီး စတုရန်းမိုင် ၅၀၀ ခန့်ရှိသော မြန်မာပိုင်နက်ကို သိမ်းယူခဲ့သည်”လို့ ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ထုတ် ရန်ကုန်နေးရှင်းသတင်းစာမှာ ရေးသားခဲ့တယ်။ ၎င်းသတင်းထွက်လာပြီးနောက်ပိုင်းမှာ တရုတ်-မြန်မာနယ်စပ်အနီး “ဝ”ဒေသတွင် တရုတ်တပ်တွေရောက်ရှိနေကြောင်း မြန်မာအစိုးရဘက်က ပြောဆိုလာတယ်။ ဝန်ကြီးချုပ်ချူအင်လိုင်းကတော့ နှစ်ဘက်ဆွေးနွေးမှုမပြုခင် တစ်ဖက်ကို အပြစ်မတင်ထိုက်ဘူးလို့ မြန်မာကို ဝေဖန်ခဲ့တယ်။ ၎င်းဖြစ်ရပ်အပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထောက်လှမ်းရေးနဲ့ သုတေသနဗျူရိုရဲ့ သုံးသပ်ချက်ကတော့ မြန်မာအစိုးရက သတင်းကို မထုတ်ပြန်ဘဲ တရုတ်ကျုးကျော်မှုကို ကမ္ဘာကသိအောင် နေရှင်းသတင်းစာကို အသုံးချခြင်းဖြစ်တယ်လို့ သုံးသပ်ခဲ့တယ်။

    ၎င်းနယ်စပ်ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာပြည်လွတ်လပ်ရေးရချိန် ၁၉၄၈ ခုနှစ်မှာတည်ရှိတဲ့ နယ်စပ်စည်းတွေအတိုင်း နှစ်နိုင်ငံလက်ခံရန် မြန်မာဘက်က အဆိုပြုတယ်။ တရုတ်ဘက်ကတော့ အချက်လေးချက်ကို အဓိကထား တောင်းဆိုတယ်။ ၎င်းတရုတ်တွေတောင်းဆိုတဲ့ အချက်တွေထဲမှာ အချက်တစ်ချက်က ကချင်ပြည်နယ်ထဲမှာပါဝင်နေတဲ့ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် ရွာသုံးရွာကို တရုတ်တွေက တောင်းဆိုပါတယ်။ ၎င်းရွာသုံးရွာကို ၁၉၁၃ ခုနှစ်မှာ တရုတ်ပြည်ကနေ ဗြိတိသျှနယ်ချဲ့အစိုးရက အတင်းဖဲ့ယူသွားတဲ့ နယ်မြေဖြစ်ပြီး အဲဒီအချိန်တုန်းက တရုတ်တပြည်လုံးမှာ ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ခဲ့တယ်။ အဲဒီဆန္ဒပြကန့်ကွက်ပွဲတွေမှာ ဝန်ကြီးချုပ် ချူအင်လိုင်းက ဆန္ဒပြကျောင်းသားအနေနဲ့ ပါဝင်ခဲ့တယ်လို့ ဆိုတယ်။ (တာတေစနေသား၊ စာ-၄၁၀)

    ဦးနုက ချူအင်လိုင်းနဲ့ နယ်စပ်အရေးဆွေးနွေးခဲ့တဲ့အကြောင်းကို တရား‌ဝန်ကြီး ဦးမြင့်သိန်းနဲ့ သံအမတ်ဦးလှမောင်တို့ကို ရှင်းပြတဲ့အခါ ၎င်းတို့လည်း ဦးနုရဲ့ဆွေးနွေးချက်ကို သဘောတူတယ်။ ဦးနုဟာ ဝန်ကြီးချုပ်ချူအင်လိုင်းနဲ့ သူဆွေးနွေးခဲ့တဲ့အကြောင်းကို ဝန်ကြီးချုပ် ဦးဗဆွေထံ ရေးတဲ့စာနဲ့အတူ ဦးလှမောင်ကို မြန်မာနိုင်ငံသို့ စေလွှတ်လိုက်တယ်။ နယ်စပ်အရေးမှာ ကချင်ရွာ သုံးရွာပါနေတဲ့အတွက် ဦးဗဆွေထံခွင့်တောင်းပြီး ကချင်ပြည်နယ်ဥက္ကဌ ဒူဝါဇန်တားဆင်၊ ပြည်နယ်ဥက္ကဌဟောင်း ဒူဝါဇော်လွန်းနဲ့ ဆမားဒူဝါဆင်ဝါးနောင်တို့ကိုလည်း ခေါ်လာဖို့ မှာကြားလိုက်တယ်။ ကချင်ခေါင်းဆောင်တွေ သဘောတူရင် ဝန်ကြီးချုပ် ဦးဗဆွေက တရုတ်ပြည်ကိုလိုက်လာပြီး နယ်စပ်အရေးကိစ္စကို လက်မှတ်ထိုးဖို့ ဖြစ်ပါတယ်။ (တာတေစနေသား၊ စာ-၄၁၂)

    တရုတ်နိုင်ငံမှာရောက်နေတဲ့ ဦးနုနဲ့ တရုတ်တို့ နယ်စပ်အရေးဆွေးနွေးတဲ့အခါ ဦးနုက (မြန်မာအစိုးရ) ဝန်ကြီးအဖွဲ့က ပေးလိုက်သော ညွှန်ကြားချက်တွေကို မေ့ပစ်ပြီး အကျိုးအကြောင်း၊ အဆိုးကောင်း လေ့လာခြင်းမရှိဘဲ ချက်ချင်းပင် တရုတ်အစိုးကတောင်းဆိုချက်ဟာ စာနဲ့ပေနဲ့ ပြနိုင်တဲ့အတွက် တရားတယ်။ ငါးသဘောတူတယ်လို့ ပြောလိုက်တယ်။ သူနဲ့လိုက်ပါလာသူတွေက တရုတ်တွေရှေ့မှာ ချက်ချင်းပြောရန်ခက်တဲ့အတွက် နောက်တစ်ကြိမ်ဆွေးနွေးပွဲ မလုပ်ခင်မှာ အခုတရုတ်တွေတောင်းတဲ့ နယ်မြေဟာ ကချင်ပြည်နယ်မှာ ကျရောက်တဲ့အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ (၂၀၀)အရ ကချင်ပြည်နယ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့လိုပြီး ကချင်ပြည်နယ်ကောင်စီရဲ့ သဘောတူညီခွင့်ကို ရယူမှသာ ပြီးပြတ်နိုင်တဲ့အကြောင်း အဖွဲ့ဝင်တချို့က ဦးနုကိုတင်ပြကြတယ်။ အဲဒီလိုတင်ပြပြီးတဲ့နောက် ဦးနုက ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကချင်ပြည်နယ်မှာ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် ရွာသုံးရွာဟာ ကချင်ပြည်နယ်ထဲ ပါဝင်နေလို့ ကချင်ခေါင်းဆောင်တွေရဲ့ သဘောတူညီခွင့်ကို ရဖို့လိုအပ်တဲ့အတွက် ကချင်ခေါင်းဆောင်တွေကို ခေါ်ပေးဖို့ တရုတ်အစိုးရကို တင်ပြတဲ့အတွက် တရုတ်အစိုးရက လေယာဉ်ပျံတစ်စင်းလွှတ်ပေးရာ သံအမတ်ကြီးဦးလှမောင်၊ အတွင်းဝန်ဦးထွန်းရှိန်၊ အထူးအရာရှိ ဦးခင်ညွှန့်တို့ဟာ ၎င်းလေယာဉ်နဲ့ ရန်ကုန်သို့ ၁၉၅၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ရောက်ရှိလာပြီး အခြေအနေတွေကို အစိုးရထံ တင်ပြခဲ့တယ်။ မြန်မာအဖွဲ့ဟာ ၎င်းလေယဉ်နဲ့ တရုတ်သို့ ပြန်မသွားခင် အောက်တိုဘာ (၂၉)ရက်နေ့မှာ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ ဝန်ကြီးအဖွဲ့အစည်းအဝေးတစ်ခု ပြုလုပ်ပြီးဆုံးဖြတ်ချက် (၃)ခုကိုချမှတ်ခဲ့တယ်။ ဆုံးဖြတ်ချက် (၁)မှာ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အချိန်က တည်ရှိခဲ့တဲ့ နယ်နိမိတ်အတိုင်း ပိုနေမြဲကျားနေမြဲ နေရန်၊ တရုတ်အစိုးရအား အကြံပေးတိုက်တွန်းရန်၊ (၂) အထက်ပါနံပါတ်တစ်အချက်ကို လက်မခံရင် နယ်စပ်ဒေသတစ်ခုလုံးကို တစ်ခုတည်းအနေနဲ့ မစဉ်းစားပဲ တစ်ပိုင်းစီ၊ တစ်ပိုင်းစီဆွေးနွေးရန်၊ (၃) နှစ်နိုင်ငံကိုယ်စားလှယ်များပါဝင်တဲ့ နယ်စပ်ဒေသ စုံစမ်ရေးကော်မရှင်တစ်ခု ဖွဲ့စည်းပြီး တရုတ်-မြန်မာနယ်စပ်ကို ကောင်းမွန်စွာစစ်ဆေးရန် သဘောတူတယ် စတဲ့အချက်တွေ ဖြစ်တယ်။ အဲဒီနောက် အောက်တိုဘာလ (၃၀)ရက်နေ့မှာ ကချင်ခေါင်းဆောင်တွေ လိုက်ပါပြီး တရုတ်နိုင်ငံသို့ သွားခဲ့ကြတယ်။ ဝန်ကြီးအဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေကို ဦးနုက သဘောမကျဖြစ်ခဲ့တယ်။ ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာလည်း ဒူဝါဇန်ထားဆင်က ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် ရွာသုံးရွာကို တရုတ်အားပေးရန် သဘောမတူကြောင်း ဆွေးနွေးခဲ့တယ်။ (ဒီမိုကရေစီပြောင်ပြန်၊ ဇန်ထားဆင်)

    • ဦးနုနဲ့ ဒူဝါဇန်ထားဆင် တရုတ်နိုင်ငံမှာ တွေ့ကြပြီ။

    ဦးနု။     ။ တရုတ် ကေ-အမ်-တီ အစိုးရနဲ့ တရုတ်ကွန်မြူနစ်အစိုးရတို့ ထုတ်ပြန်တဲ့မြေပုံတွေထဲမှာ အရှေ့ဘက် တရုတ်-မြန်မာနယ်စပ်ကနေပြီး အနောက်ဘက် အိန္ဒိယ-မြန်မာနယ်စပ်အထိ မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက်က နယ်မြေမှန်သမျှကို တရုတ်ပြည်ထဲမှာ ဖော်ပြထားတယ်။ တနေ့သောအခါ တရုတ်အစိုးရ တစ်ခုခုကဒီအတိုင်း တရားဝင်တောင်းဆိုလာရင် ခက်ရခြေရဲ့လို့တွေးပြီး ကချင်ခေါင်းဆောင်တွေနဲ့ မြန်မာခေါင်းဆောင်တွေ အကြီးအကျယ် စိတ်ပူကြတယ် မဟုတ်လား။ အခုဝန်ကြီးချုပ်ချူရဲ့အဆိုထဲမှာ မက်မေဟွန်မျဉ်းကြောင်း (McMahon Line)ကို အသိအမှတ်ပြုမယ်ဆိုတာ ပါနေတယ်၊ အဲဒီတော့ ဒီအဆိုကို လက်ခံလိုက်ရင် မြစ်ကြီးနားခရိုင်ရဲ့ တစ်ခြမ်းကို တရုတ်အစိုးရတစ်ခုခုက တရားဝင်တောင်းဆိုလာမယ့် အန္တရာယ်ဟာ ပျောက်ကွယ်သွားမယ်။ အဲဒါဟာ ပြည်ထောင်စုအတွက်၊ အထူးသဖြင့် ကချင်ပြည်နယ်အတွက် အမြတ်ပဲ။ နောက်ပြီးတော့လည်း မြန်မာရှင်ဘုရင်တွေ လက်ထက်မှာရော ဗြီတိသျှအစိုးရလက်ထက်မှာပါ မြန်မာသမိုင်းတစ်လျှောက်လုံး တရုတ်-မြန်မာနယ်ခြားကို တစ်ခါမှ မသတ်မှတ်နိုင်ခဲ့ကြဘူး၊ အဲဒါကြောင့် ကျွန်တော်တို့ဟာ တရုတ်မြန်မာနယ်ခြားကို မြန်မြန်သတ်မှတ်ချင်တယ်၊ အခုခါမှာဆိုရင် ဥက္ကဌကြီးမော်စီတုံး၊ ဝန်ကြီးချုပ်ချူအင်လိုင်း အစရှိတဲ့ တရုတ်ခေါင်းဆောင်တွေဟာ ကျွန်တော်တို့အပေါ်မှာ ညီငယ်ကလေးတွေလို ကြင်ကြင်နာနာ သဘောထားကြတယ်၊ ဒီခေါင်းဆောင်ကြီးတွေ မရှိတဲ့အခါ နောင်တက်လာမယ့် တရုတ်ခေါင်းဆောင်တွေဟာ ဘယ်လိုခေါင်းဆောင်တွေ ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ မပြောနိုင်ဘူး၊ ဥက္ကဌကြီးမော်နဲ့ ဝန်ကြီးချုပ်ချူတို့လို ကျွန်တော်တို့အပေါ်မှ ကြင်ကြင်နာနာသဘောထားတဲ့ ခေါင်းဆောင်တွေဆိုရင် ကိစ္စမရှိဘူး၊ တရုတ်မြန်မာချစ်ကြည်ရေးကို တန်ဖိုးမထားတဲ့ တရုတ်ခေါင်းဆောင်မျိုးဆိုရင် အခုဝန်ကြီးချုပ်ချူတင်ပြထားတဲ့ တရုတ်မြန်မာနယ်ခြားမျိုးကို ကျွန်တော်တို့ရ ဖို့ဆိုတာ မလွယ်ဘူး၊ အဲဒီတော့ လသာတုန်း ဗိုင်းငင်ဆိုတဲ့စကားလို၊ မြန်မာပြည်အတွက် အခွင့်ကောင်းရတုန်း တရုတ်မြန်မာနယ်ခြားကို ကျွန်တော်တို့ မြန်မြန်သတ်မှတ်ပစ်ရမယ်၊ အဲဒီလို သတ်မှတ်နိုင်အောင် တရုတ်ပြည်ကို ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ဆိုတဲ့ ရွာကလေးသုံးရွာ ပေးလိုက်ချင်တယ်၊ ခင်ဗျားတို့ သဘောတူပါလို့ ကချင်ခေါင်းဆောင်သုံးဦးကို ဦးနုက စိတ်ရှည်ရှည်နဲ့ ရှင်းပြတယ်။ ဆမားဒူဝါဆင်ဝါးနောင်နဲ့ ဒူဝါဇော်လွန်းတို့က ဘာမှမပြောဘူး။ ဒါပေမယ့် ဒီနယ်ခြား ပြဿနာမှာ အရေးအကြီးဆုံးဖြစ်တဲ့ ကချင်ပြည်နယ်ဥက္ကဌ ဦးဇန်ထားဆင်ကတော့ ကချင်ရွာသုံးရွာကို မပေးနိုင်ဘူးဆိုပြီး ကန့်ကွက်တယ်။ ဦးနု၊ ဦးမြင့်သိန်းနဲ့ ဦးလှမောင်တို့ ဘယ်လိုပြောလို့မှ မရဘူး။ ဦးဇန်ထားဆင်ဟာ အသေးအဖွဲကလေးတွေကို သိပ်ပြီးအာရုံပြုနေတဲ့အတွက် ကြီးတဲ့အကျိုးကျေးဇူးကို မမြင်နိုင်ဘူးလို့တွေးပြီး ဦးနုဟာ အင်မတန်စိတ်ဆင်းရဲ နေတယ်။

    (ဦးနုက ချင်ခေါင်းဆောင်တွေနဲ့ တွေ့ပြီးနောက်မနက်မှာ ဦးနုတည်ခိုတဲ့ ဧည့်ဂေဟာသို့ ဝန်ကြီးချုပ်ချူအင်လိုင်း ရောက်လာတယ်။ အဲဒီအခါ ဦးနုကို ပြောပြခဲ့တဲ့အတိုင်း နယ်ခြားနဲ့ပတ်သက်တဲ့အဆိုကို ဝန်ကြီးချုပ်ချူအင်လိုင်းက “တစ်လုံးမကျန်ထပ်ပြီး” ပြောပြတယ်)

    ဝန်ကြီးချုပ်ချူအင်လိုင်း ပြောပြီးတဲ့အခါ၊ ဦးနုက ကချင်ရွာသုံးရွာကို ပေးဖို့ဆိုတာ ကချင်ခေါင်းဆောင်တွေ မူအားဖြင့် သဘောတူမယ်ဆိုရင် အကျယ်အဝန်းဘယ်လောက်အထိ ပေးမယ်ဆိုတာကို တရုတ်အစိုးရနဲ့ ကျွန်တော်တို့ ဆွေးနွေးမယ်။ ကချင်ခေါင်းဆောင်တွေ သဘောတူတဲ့ အကျယ်အဝန်းကို မြေပုံပေါ်တိတိကျကျ သတ်မှတ်ပြီးတော့မှ သဘောတူစာချုပ်ကို ကျွန်တေ်တို့ လက်မှတ်ထိုးမယ်လို့ ရှင်းပြတယ်။ အဲဒီအခါ ဝန်ကြီးချုပ်ချူက ဦးနုပြောတဲ့အတိုင်း ဖြစ်စေရမယ်လို့ ဝင်ပြီးထောက်ခံတယ်။ အဲဒီအစည်းအဝေးမှာ ကချင်ခေါင်းဆောင်သုံးဦးဟာ ဘာမှ ဝင်မပြောဘူး။ ငြိမ်ပြီးနားထောင်နေတယ်။ ဝန်ကြီးချုပ်ချူပြန်သွားတဲ့အခါ ကချင်ရွာသုံးရွာ ပေးလိုက်ဖို့ဆိုတဲ့ကိစ္စကို သဘောတူပါလို့ ကချင်ခေါင်းဆောင်တွေကို ဦးနု၊ ဦးမြင့်သိန်းနဲ့ ဦးလှမောင်တို့က အကျယ်တဝင့်ရှင်းပြပြီး မေတ္တာရပ်ကြပြန်တယ်။ ဦးဇန်ထားဆင်ကို ပြောလို့မရဘူး။ (တာတေစနေသား၊ ဦးနု၊ စာ-၄၂၂-၄၁၄)

    ဒူဝါဇန်ထားဆင်။ ။ ၁၉၅၆ နိုဝင်ဘာလ ၁ ရက်နေ့မနက် ဆယ်နာရီခွဲကနေ မွန်းလွဲပိုင်း တစ်နာရီအထိ တရုတ်အစိုးရ နိုင်ငံခြားရေးရုံးမှာ ကချင်ပြည်နယ်ဝန်ကြီး ဒူဝါဇန်ထားဆင်၊ ဆမားဒူဝါဆင်ဝါးနောင်၊ ဒူဝါဇော်လွန်း၊ တရားဝန်ကြီး ဦးမြင့်သိန်း၊ သံအမတ်ဦးလှမောင်၊ အတွင်းဝန် မစ္စတာဘာရိန်တန်၊ အထူးအရာရှိ ဦးခင်ညွှန့်တို့ပါဝင်တဲ့အဖွဲ့က တရုတ်အစိုးရဘက်မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချောင်အန်ဖူး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် လူချုံမင်းနဲ့ အတွင်းဝန်တွေ ပါဝင်တဲ့အဖွဲ့တို့ နယ်စပ်အရေး ဆွေးနွေးခဲ့တယ်။

    တရုတ်ဘက်က တင်ပြတဲ့အချက်တွေမှာ၊

    ၁။ ၁၉၁၁ ခုနှစ်မှာ အင်္ဂလိပ်အစိုးရက တရုတ်အစိုးရအား ပေးထားခဲ့တဲ့စာအရ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်မှာ တရုတ်ပြည်က ပိုင်းတဲ့အတွက် တရုတ်ပြည်သို့ ပေးအပ်ရန်၊

    ၂။ ၁၉၄၁ မျဉ်းကြောင်းကို တရုတ်အစိုးရက သဘောတူရန် ခဲယဉ်းတယ်။ အခက်အခဲများစွာ ရှိပါတယ်။

    ၃။ အထက်က မက်မဟွန်လိုင်းကိုလည်း ပြန်လည်စစ်ဆေးပြီး တိဘက်အစိုးရတို့ရဲ့ သဘောထားကို သိရပြီးမှ ပြီးနိုင်မယ်။ ဒါပေမယ့် မက်မဟွန်လိုင်းဟာ အခက်အခဲရှိမယ် မထင်ကြောင်း စတဲ့အချက်တွေကို တင်ပြတယ်။

    မြန်မာဘက်တင်ပြခဲ့တဲ့အချက်များမှာ၊

    ၁။ ယခုရှိပြီးသားနယ်နိမိတ်အတိုင်း ပိုနေမြဲကျားနေမြဲနေဖို့ နှစ်နိုင်ငံအစိုးရတို့က သဘောတူကြရန်

    ၂။ ၁၉၁၁ ခုနှစ်မှာ အင်္ဂလိပ်အစိုးရက တရုတ်အစိုးရအား ရေးပေးခဲ့တဲ့စာဟာ အင်္ဂလိပ်နယ်ချဲ့နဲ့ တရုတ်အစိုးရတို့ အချင်းချင်း အပြန်အလှန်ရေးတဲ့ ပေးစာမျှသာဖြစ်တယ်။ စာချုပ်မဟုတ်ပါ။ ဖိမော်၊ ဂေါ်လန်၊ ကန်ဖန်နယ်ဟာ တရုတ်ရဲ့အုပ်စိုးခြင်းကို ဘယ်တော့အခါမှ မခံခဲ့ဖူးပါ။ ၎င်းနယ်သုံးနယ်ကို မပေးနိုင်ပါ စတဲ့အချက်တွေ ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ တရုတ်အစိုးရဘက်မှ ဒုနိုင်ငံခြားရေးဝန်ကြီး ချောင်အန်ဖူး ဦးဆောင်ဆွေးနွေးပြီး ပြည်ထောင်စုမြန်မာနိုင်ငံဘက်မှ ကချင်ပြည်နယ်ဝန်ကြီး ဦးဇန်ထားဆင်က ဦးဆောင်ဆွေးနွေး ခဲ့တယ်။

    (အထက်ပါ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဦးနုကလည်း အခုလို ရေးထားပါတယ်။)

    ဦးနု။ ။ နေ့လယ်ချိန်လောက်ကျတော့ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဖိတ်တာကြောင့် ဦးနုနဲ့အတူ ရန်ကုန်ကလိုက်လာတဲ့ တရုတ်သံအမတ်ကြီး ယောင်ချုံမင်းဟာ ကချင်ခေါင်းဆောင်သုံးဦးကို နိုင်ငံခြားရေးရုံးခေါ်သွားတယ်။ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ကချင်ရွာသုံးရွာပေးဖို့ကိစ္စကို ဘယ်လိုသဘောထားသလဲလို့ မေးတဲ့အခါ ကချင်ပြည်နယ်ဥက္ကဌ ဦးဇန်ထားဆင်က သူတို့ဟာ ငယ်သားတွေ ဖြစ်တယ်။ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးနုနဲ့ ဝန်ကြီးချုပ်ချူတို့ ကောင်းသလိုကြည့်ပြီး ဆုံးဖြတ်ကြပါ။ သူတို့နားထောင်ပါ့မယ်လို့ ဖြေလိုက်တယ်။ ဒီစကားကိုကြားရတဲ့အခါ နယ်ခြားပြဿနာမှာ အခက်အခဲ မရှိတော့ဘူးလို့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကယူဆပြီး ဒီအတိုင်း ဝန်ကြီးချုပ်ချူကို အစီရင်ခံထားတယ်။

    ညနေငါးနာရီကျတော့ ဝန်ကြီးချုပ်ချူဟာ သူ့အိမ်မှာ ဦးနုကိုစောင့်နေတယ်။ ဦးနုလာတဲ့အခါ အားလုံး ချောချောမောမော ပြီးသွားပြီးလို့ ပြောမယ်ဆိုတာကို ဝန်ကြီးချုပ်ချူ မျှော်လင့်နေမှာပဲ။ ဒါပေမယ့် ဦးနုလာတဲ့အခါ သူကြားရတဲ့အခါ တစ်မျိုးဖြစ်နေတယ်။ (ဦးနုပြောတာက)

    ၁။ ဝန်ကြီးချုပ်ချူရဲ့အဆိုကို ပြည်ထောင်စုဝန်ကြီးများအဖွဲ့က လက်ခံတဲ့အကြောင်း ဦးဗဆွေဆီက စာရပြီ။

    ၂။ ကချင်ရွာသုံးရွာကို ပေးဖို့ကိစ္စမှာတော့ ကချင်ပြည်နယ်ဥက္ကဌက ကန့်ကွက်နေတယ်။ သဘောတူဖို့ ပြောလို့ မရသေးဘူး။

    ၃။ ဝန်ကြီးချုပ်ချူရဲ့အဆိုထဲမှာပါတဲ့ အချက်တွေကို အခုလောလောဆယ် လက်မှတ်ထိုးလို့ မဖြစ်သေးဘူး။ လက်မှတ်ထိုးနိုင်အောင် သူဆက်ပြီးကြိုးစာပါဦးမယ်လို့ ဝန်ကြီးချုပ်ချူကို ပြောပြတယ်။

    (အဲဒီညနေက ဦးနုဟာစိတ်တွေရှုပ်နေတာကြောင့် ဝန်ကြီးချုပ်ချူအင်လိုင်အိမ်မှာ ကြာရှည်မနေဘဲ ပြန်ခဲ့တယ်။ ဦးနုပြန်တဲ့အခါ တရုတ်သံအမတ် ယောင်ချုံမင်းက လိုက်လာပြီး ဦးနုကို ရပ်ရှင်းဆပ်ကပ် လိုက်ကြည့်ဖို့ဖိတ်တယ်။ အဲဒီအချိန်မှာ နေ့လယ်က ဒုနိုင်ငံခြားရေး ဝန်ကြီးနဲ့တွေ့တဲ့အခါ ဒူဝါဇန်ထားဆင်က ဦးနုဆုံးဖြတ်တဲ့အတိုင်း နားထောင်ပါမယ်လို့ ပြောတဲ့အတွက် ဝန်ကြီးချုပ်ချူအင်လိုင်းကိုလည်း ဒီအတိုင်းတင်ပြထားတယ်လို့ တရုတ်သံအမတ်က ပြောလာတယ်။)

    ဦးနုနဲ့ တရုတ်ဝန်ကြီးချုပ်တို့ တွေဆုံမှုကို ဒူဝါဇန်ထားဆင် ရေးသားထားတာက အခြလို ဖြစ်တယ်။

    ဒူဝါဇန်ထားဆင်။ ။ ည ၆နာရီအချိန်တွင် ဦးနုဟာ တရုတ်ဝန်ကြီးချုပ်နဲ့ တစ်ခါတွေ့ဆုံပြီး “သူ့အနေနဲ့ တရုတ်အစိုးရတောင်းတာ တရားတယ်။ ကျွန်တော်က ပေးချင်တယ်။ ဒါပေမယ့် ကချင်ခေါင်းဆောင်များက သဘောမတူဘူး။ ဒါကြောင့် ရန်ကုန်ပြန်မယ်။ ပြန်ပြီးဗမာလူထုကို တင်ပြပြီးထောက်ခံ ခိုင်းမယ်။”လို့ ပြောခဲ့တယ်။ အဲဒီအခါ တရုတ်ဝန်ကြီးချုပ်က “သိပ်မလောပါနဲ့၊ အေးအေးဆေးဆေးပေါ့။ ကျွန်တော်လည်း ကျွန်တော့်လူထုကို တိုင်ပင်ပါဦးမယ်။ (နိုင်ဝင်ဘာ) ၅ ရက်နေ့အထိနေပါ။”လို့ ပြန်ပြောလိုက်တယ်။

    ဦးနု။ ဦးဇန်ထားဆင် ဗလောင်းဗလဲ လုပ်တာကြောင့် တရုတ်တွေရဲ့ မျက်စိထဲမှာသူဟာ တစ်ပတ်ရိုက်တဲ့ လူရှုပ်တစ်ယောက်ဖြစ်သွားပြီလို့ တွေးမိပြီးရှက်လည်းရှက်၊ ဒေါသလည်းဖြစ်တဲ့အတွက် ဦးနုတစ်ကိုယ်လုံး တစ်ဆတ်ဆတ်တုန်နေတယ်။ ဆပ်ကပ်ရုံထဲက သူ့အတွက်ပြင်ထားတဲ့နေရာမှာ ထိုင်မိတာနဲ့ တစ်ပြိုင်နက် သူနဲ့မျက်နှာချင်းဆိုင်နေရာမှာ ဦးဇန်ထားဆင်း ထိုင်နေတာကို ဦးနုမြင်လိုက်တယ်။ ဦးနုဟာ ဦးဇန်ထားဆင်ဆီကို ချက်ချင်းသွားဖို့ ဆတ်ခနဲထလိုက် သေးတယ်။ ဒါပေမယ့် ဆပ်ကပ်ပြခါနီးနေတဲ့အတွက် မသွားဘဲ ပြန်ထိုင်လိုက်တယ်။

    တစ်ဝက်နားတာနဲ့ တပြိုင်နက် ဦးဇန်ထားဆင်ဟာ သူနေရာကတောင် မထရသေးခင် ဦးနုဟာ ဦးဇန်ထားဆင်အနားကို ရောက်သွားပြီ။ ဦးနုနောက်က တရုတ်သံအမတ် ယောင်ချုံမင်းလည်း ပါလာတယ်။

    (ဦးနု) “ဟေ့ကောင် … ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို မဟုတ်တာတွေ ဘာဖြစ်လို့ မင်းသွားပြောတာလဲ။”

    (ဒူဝါဇန်ထားဆင်) “ကျွန်တော် ဘာပြောလို့လဲ။”

    (ဦးနု) “ငါ့ကိုတော့ ကချင်ရွာသုံးရွာကို ဘယ်နည်းနဲ့မှ မပေးနိုင်ဘူးလို့ ပြောတယ်၊ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကျတော့ ဦးနုဆုံးဖြတ်တဲ့အတိုင်း မင်းနားထောင်ပါ့မယ်လို့ ပြောတယ်၊ မင်းဒီလို ဗလောင်းဗလဲလုပ်တာ ဘာကောင်းသလဲ။”

    (ဒူဝါဇန်ထားဆင်) “ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ကျွန်တော်ဒီလို မပြောဘူး။”

    (ဦးနု) “မင်းပြောတယ်။”

    (ဒူဝါဇန်ထားဆင်) “ကျနော်မပြောဘူး။ ဒီကချင်ရွာသုံးရွာကို ပေးလိုက်ရင် ကျွန်တော် သေနတ်ကိုင်ပြီး တိုက်မယ်။” (တာတေစနေသား၊ စာ-၁၄၇)
    (ဆပ်ကပ်ပွဲကြည့်တဲ့ညက အဖြစ်အပျက်ကို ဒူဝါဇန်ထားဆင်ကလည်း အခုလို ရေးသားထားပါတယ်။)

    ဒူဝါဇန်ထားဆင်။ ။ ၎င်းနိုဝင်ဘာလ ၁ ရက်နေ့ည ၆နာရီခွဲအချိန်ကနေ တရုတ်အစိုးရဲ့ ဖိတ်ကြားချက်အရ ကိုယ်စားလှယ်အဖွဲ့ဝင် အားလုံးဟာ ရပ်ရှင်းဆပ်ကပ်ကို သွားရောက်ကြည့်ရှုကြတယ်။ ပြပွဲခဏရပ်နားတဲ့အချိန်မှာ အခြားသူတွေနည်းတူ အခင်းကြီးအခင်းငယ် သွားရန်အတွက် ကချင်ခေါင်းဆောင်တွေလည်း အပြင်ခဏထွက်ကြတယ်။ အပြင်ထွက်ပြီး ပြပွဲခန်းသို့ပြန်အဝင် ခန်းမရဲ့တံခါးဝမှာ စောင့်နေတဲ့ဦးနုက ကချင်ပြည်နယ်ဝန်ကြီးဦးဇန်ထားဆင်အား ပါခုံးကိုပုတ်ပြီး “လာ ဦးဇန်ထားဆင်၊ အရေးကြီးတဲ့ စကားပြောစရာ ရှိပါတယ်”လို့ အိပ်ခန်းတစ်ခုသို့ ခေါ်သွားတယ်။ ဒူဝါဇော်လွန်းလည်း လိုက်ပါသွားရတယ်။ ဧည့်ခန်းမှာ ဦးနုအပြင် မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ်ကြီး ယောင်ချုံမင်းလည်း ရောက်လာတယ်။ ထိုအခါဦးနုက “ကဲ ဦးဇန်ထားဆင်၊ ဒီကနေ့ ခင်ဗျားနဲ့ တရုတ်များဆွေးနွေးပွဲမှာ ဒီနယ်စပ်ကိစ္စဟာ ခေါင်းဆောင်ကြီး ဦးနုပြီးရင် ပြီးပါတယ်။ တို့ကတော့ ဘာမှ ပြောစရာ

Leave a Reply

Your email address will not be published. Required fields are marked *